တင်းကျက်လွန်းတဲ့ ကိုဗစ်လော့ခ်ဒေါင်းကြောင့် ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားနေကြရတဲ့ ရှန်ဟိုင်းမြို့က ပြည်သူတွေရဲ့ ရုပ်သံဖိုင်
စီးပွားရေးအရ အချက်အချာကျပြီး လူဦးရေ ၂၆ သန်းနီးပါးရှိတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကြီးမှာတော့ တစ်ဖန်ပြန်လည် ဖြစ်ပွားခဲ့တဲ့ အိုမီခရွန် ကူးစက်မြန်ရောဂါကြောင့် ဒေသတွင်း အရေးယူပိတ်ဆို့မှုကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အိုမီခရွန်တွေ့တဲ့ တိုက်ခန်းတွေ ရပ်ကွက်တွေကို စပိတ်ရာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ရက်ကနေ စတင်ပြီး နောက်ဆုံး ရှန်ဟိုင်းမြို့တစ်မြို့လုံးကို လော့ခ်ဒေါင်းချတဲ့အထိ ဆိုးရွားစွာ ချက်မှတ်ခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ရောဂါကူးစက်မှုနှုန်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဝူဟန်မှာ ဖြစ်ပွားခဲ့တဲ့ ရောဂါကူးစက်မှုထက် ပိုမိုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
တစ်မြို့လုံးကို အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကို အလျင်အမြန် ထိန်းချုပ်နိုင်အောင် တစ်နိုင်ငံလုံးက ကျန်းမာရေး၀န်ထမ်းတွေသာမက တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်စစ်တပ်ပါ ချထားခဲ့ပါတယ်။ လော့ခ်ဒေါင်းချချိန်မှာလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အစားအသောက်တွေကို အစိုးရက ၂၆ သန်းသောလူဦးရေအတွက် အလုံအလောက်ခွဲဝေမထောက်ပံ့နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ လော့ခ်ဒေါင်းချခံရတဲ့ ရှန်ဟိုင်းမြို့ကြီးမှာ အစားအစာ၊ ရေနှင့် အခြားလိုအပ်ချက်များ ပြတ်တောက်သွားကြောင်း ပြည်သူအများအပြားမှာ ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကိုခံနေကြရတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်းများမှာတော့ အစားအစာတွေ ပြတ်တောက်ပြီး အစာမစားရတာကြောင့် ရာနှင့်ချီတဲ့ ပြည်သူများဟာ အစားအသောက်တွေ ရှိတဲ့ နေရာတွေကို အတားအဆီးတွေကြားကနေ သူ့ထက်ငါ အလုအယက် ယူနေကြတာ တွေ့ရပါတယ်။
ပိတ်ဆို့ခြင်းခံရတဲ့ လူနေရပ်ကွက်အချို့ရှိ ဝေဒနာခံစားရတဲ့ တချို့ပြည်သူတွေက ငါတို့ ငတ်သေတော့မှာ “အစာမစားရတာကြာပြီ” ဟု အော်ဟစ်နေကြတယ်လို့လည်း သိရပါတယ်။ လုံခြုံရေးအစောင့်များရဲ့ တင်းကြပ်တဲ့ စည်း ကမ်းအောက်မှာ စာလောင်မွတ်သိပ်နေကြရတဲ့ ရှန်ဟိုင်းမြို့ကို လတ်တလော လော့ခ်ဒေါင်းချမှုကို ဖြေလျှော့ပေးမည့် အရိပ် အယောင်တောင် မရှိဘူးလို့သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source – Original Upload