နယူးယောက်မြို့ မြေအောက်ဘူတာရုံတစ်ရုံတွင် လူတော်တော်များများပစ်ခတ်ခံရပြီး မပေါက်ကွဲသေးသော ဗုံးများလည်းတွေ့

နယူးယောက်မြို့ မြေအောက်ဘူတာရုံတစ်ရုံတွင်
လူတော်တော်များများပစ်ခတ်ခံရပြီး မပေါက်ကွဲသေးသော ဗုံးများလည်းတွေ့

 

 

 

 

 

 

 

 

ဧပြီ ၁၂ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့အောက်ရထားဘူတာရုံတစ်ခုမှာ လူတော်တော်များများ သေနတ်ပစ်ခံကြရပြီး အနည်းဆုံး ၁၃ဦးခန့်ဟာ ဒဏ်ရာတွေရရှိသွားပါတယ်။ အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အာဏာပိုင်တွေက ရှာတွေ့ခဲ့ကြပါတယ်။

 

 

ဘရွတ်ကလင်းဆန်းဆက်ပတ်ခ် ရပ်ကွက်ရဲ့ ၃၆လမ်း မြေအောက်ဘူတာရုံမှာ အင်္ဂါနေ့မနက်က အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကပြောပါတယ်။ စီအင်န်အင်န်နှင့် အခြားမီဒီယာတွေကတော့ အနည်းဆုံး လူငါးဦးဟာ သေနတ်နှင့်အပစ်ခံရတယ်လို့ နယူးယောက်မီးသတ်ဌာန သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းပေးပို့ကြပါတယ်။

 

ဒီအပစ်ခံရတဲ့သူတွေဟာ ဒဏ်ရာရသူတွေထဲ ပါမပါတော့ မသဲကွဲပါဘူး။
အရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို သွားရောက်တုန့်ပြန်ဆောင်ရွက်နေကြပြီး လူဘယ်နှစ်ဦးအပစ်ခံရတယ်ဆိုတဲ့ အသေးစိတ်မသိရသေးဘူးလို့ နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။

လူတွေအနေနှင့် အဲဒီနေရာတစ်ဝိုက်မှာ မနေကြဖို့ နယူးယောက်ရဲက သတိပေးထားပါတယ်။

Source Reuters
Weebsite>>>
https://yangonmediagroup.com/index.php/world-news/4192-2022-04-12-14-50-45
Telegram>>https://t.me/yangonmediagroup/6865

Leave a Reply

Your email address will not be published. Required fields are marked *