ထိုင်းသင်္ကြန်ပွဲရဲ့ ပထမဆုံးနေ့မှာ ယာဥ်တိုက်မှုပေါင်း (၂၀၀) ကျော်ဖြစ်ပွားပြီး လူ (၂၆) ဦးသေဆုံး
ထိုင်းနိုင်ငံ မှာကျင်းပပြုလုပ်နေတဲ့ ဆုန်ခရန် သင်္ကြန်ပွဲတော်ရဲ့ ပထမဆုံးနေ့မှာတင်ပဲ ယာဉ်မတော်တဆမှုပေါင်း (၂၃၇) မှု ဖြစ်ပေါ်ခဲ့ပြီး လူ (၂၆) ဦးသေဆုံးကာ အခြား (၂၃၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ (၁၁) ရက် ကနေ (၁၇) ရက်အထိဟာ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူး ရက်သတ္တပတ်ဖြစ်ပြီး ထိုရက်တွေမှာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားတတ်တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ သင်္ကြန်ပွဲတော် အားလပ်ရက်အတွက် နိုင်ငံတစ်ဝန်းရှိ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးရေး ဂိတ် (၂၀၀၀) ခန့်မှာ ရဲတပ်ဖွဲ့ဝင်ပေါင်း (၅၆၀၀၀) ခန့်ကို အစိုးရက စေလွှတ်ထားကြောင်း သိရပါတယ်။ (၁၁)ရက်နေ့က လုံခြုံရေးစစ်ဆေးမှုအတွက် တာဝန်ရှိသူတွေက ကားအစီးရေ (၃) သိန်းခွဲကို ရပ်တန့်စစ်ဆေးခဲ့ပြီး ယာဉ်မောင်း (၆) သောင်းကျော်ကို စွဲချက်တင်ထားတဲ့အပြင် ယာဉ်မောင်း (၂)သောင်းနီးပါးကိုတော့ လိုင်စင်မရှိပဲမောင်းနှင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
Photo Credit From Original Uploader