နိုဘယ်လ်ဗေလီ အထက်တန်းကျောင်းက 2022 ဆယ်ကျော်သက် အလှမယ်ပြိုင်ပွဲမှာ မြန်မာလူငယ်တစ်ဦး ဆုရရှိ

နိုဘယ်လ်ဗေလီ အထက်တန်းကျောင်းက 2022 ဆယ်ကျော်သက် အလှမယ်ပြိုင်ပွဲမှာ မြန်မာလူငယ်တစ်ဦး ဆုရရှိ

 

 

 

 

 

 

 

 

 

 

 

အမေရိကန်၊ အင်ဒီးယားနားပြည်နယ်၊ နိုဘယ်လ်ဗေလီ အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၉-၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်အလှမယ်ပြိုင်ပွဲမှာ မြန်မာ့အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ kk ကိုကိုနိုင် က ရွေးချယ်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။ အဆိုပါ အထက်တန်းကျောင်းအလှမယ်ပြိုင်ပွဲမှာ ယှဥ်ပြိုင်သူ ၂၂ ဦးအထဲကနေ အလှမယ်သရဖူဘွဲ့ကို kk ကိုကိုနိုင်က ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

 

 

kk ကိုကိုနိုင်ဟာ ဖို့ဝိန်းမြို့မှာ ဒုက္ခသည်အဖြစ် နေထိုင်နေတဲ့ ကရင်လူမျိုး ဖခင် စောကိုကိုနိုင်နှင့် မွန်လူမျိုး မိခင် မိမွန်ကျော် တို့မှာ မွေးဖွားတဲ့၈ လေးလုံးမျိုးဆက် သမီးငယ်လေးဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၂၀ ခုနှစ်ကလည်း လူငယ်ထူးချွန်ဆုများရရှိခဲ့တဲ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာအရေးအပါအဝင် လူမှုရေးရာလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

 

 

အဝေးရောက် မြန်မာ အလှမယ် kk ကိုကိုနိုင်ဟာ ဆုပေးပွဲမှာလည်း မြန်မာ့အရေးကိစ္စတွေကို ကမ္ဘာက သိအောင်လည်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက မိမိကို အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်းကိုလည်း ဆုလက်ခံယူစဉ် ပြောကြားသွားခဲ့တယ်လို့ ဆိုပါတယ်။

 

 

Photo Credit – From Google
Photo Credit – From Google
သတင်း အရင်းအမြစ်៖ Source – Nayyartakar Journal

Leave a Reply

Your email address will not be published. Required fields are marked *