အသက်၅နှစ်သာရှိသေးပြီး ဆေးရုံမှာပဲ အချစ်ဆုံးသူငယ်ချင်းနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့သော ကလေးမလေးရဲ့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်

အသက်၅နှစ်သာရှိသေးပြီး ဆေးရုံမှာပဲ အချစ်ဆုံးသူငယ်ချင်းနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့သော ကလေးမလေးရဲ့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အမေရိကန်နိုင်ငံမှ အသက်၅နှစ်သာရှိသေးသော ကလေးမလေးတစ်ဦးသည် Cystic Fibrosisအမည်ရှိ အဆုတ်နားတွင် ရောဂါပိုးဝင်ရောက်အသက်ရှူရခက်ခဲစေသည့် ရောဂါဝေဒနာကို အရွယ်နှင့်မမျှအောင် ခံစားခဲ့ရသည်။

ကလေးမလေးရဲ့ မိဘနှစ်ပါးမှ အစွမ်းကုန် ကုသပေးခဲ့ပေမယ့် ရောဂါအခြေအနေမှာ မပျောက်ကင်းပဲ တစ်နေ့တခြား ပိုပိုဆိုးလာ၍ ဆရာဝန်ကလည်း သူမတွင် အသက်ရှင်ရန် အချိန်အနည်းငယ်သာကျန်ရှိတော့ကြောင်း ပြောကြားချိန်တွင် မိသားစုမှ သူမရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်ပေးဖို့ ဆောင်ရွက်ခဲ့ကြသည်။

 

 

ကလေးမလေးရဲ့ အိပ်မက်သည် သူမရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူနှင့် မင်္ဂလာပွဲကျင်းပရန်ဖြစ်၍ အကုန်လုံးကလည်း လိုက်လျောပေးခဲ့ကာ သူတို့နှစ်ဦးသည် သတို့သား သတို့သမီးဝတ်စုံတို့ကို ဝတ်ဆင်ကာ သူတို့အကြိုက်ဖြစ်သည့် Mickey Mouseနှင့် Minnie Mouseအရုပ်ပါ လက်စွပ်လေးတွေကို ဝတ်ဆင်ခဲ့ကြသည်။

 

 

ကလေးမလေးသည် မင်္ဂလာပွဲကျင်းပပြီး ၆နာရီအကြာတွင် မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲမှာ ထွေးဖက်ထားရင်းနဲ့ နာကျင်ခြင်းမရှိပဲ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ရာ ဆေးရုံရှိလူများအားလုံးလည်း ကလေးမလေးရဲ့ အဖြစ်အပျက်ကြောင့် ဝမ်းနည်းမျက်ရည်ကျခဲ့ကြသည်။

Rain (For Ialinks)

Leave a Reply

Your email address will not be published. Required fields are marked *