အုန်းရည်ကို ဘာကြောင့် သောက်သင့်တာလဲ…?

အုန်းရည်ကို ဘာကြောင့် သောက်သင့်တာလဲ…?

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သဘာဝအာဟာရဓာတ်တွေ ပြည့်ဝနေ့တဲ့ အုန်းရည်ဟာ ဗီတာမင်ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအသီးအနှံ တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အသားအရည် ကျန်းမာလှပစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေ၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ပရိုတင်း၊ သံဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ်။

 

 

အုန်းရည်ဟာသွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ပုံမှန်အနေအထားရှိအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ အခြားဆက်နွှယ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်လည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အုန်းရည်ဟာ အကောင်းဆုံးသဘာဝဖျော်ရည်ဖြစ်ပါတယ်။

ကျောက်ကပ်ကျောက်တည်တာတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ အတွက်လည်း အုန်းရည်က ကောင်းကျိုး ပြုပါတယ်။ အုန်းရည်ဟာ ဘက်တီးရီးယားပိုးတွေသေစေနိုင်စွမ်းရှိတာကြောင့် အရေပြား ကျန်းမာရေး ကောင်းအောင် ကူညီပေးနိုင်ပြီး ဝက်ခြံတွေပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားပျက်စီးတာတွေကို သက်သာစေပြီး အိုမင်း ရင့်ရော်တာတွေကို လျော့ပါးစေနိုင်တယ်။

 

 

အုန်းရည်ကို မျက်နှာအသားအရေ အပေါ်အသုံးပြုမယ်ဆိုရင် မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးသလို ရေဓာတ်လည်းဖြည့်ပေးတယ်။ အသားအရည်ခြောက်သွေ့တာ၊ ယားယံတာတွေလည်း သက်သာစေပြီး အဆီပိုတွေဖယ်ရှားပေးပါတယ်။

 

 

ကောင်းမွန်စေအုန်းရည်ကို မကြာခဏသောက် သုံးပေးတာဟာ ကိုယ့်ကျန်းမာရေး ကို ဂရုစိုက်ပေးနေတာပါပဲ။ ဒါပေမယ့် သတိထားရမှာကို အုန်းရည်ကို အများကြီးမသောက်ဖို့ပါပဲ။ သကြားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ် အရမ်းများသွားရင် ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် အုန်းရည်ကို တစ်ပတ်ကို သုံးကြိမ်၊ လေးကြိမ်သာ သောက်သုံးပေးသင့်ပါတယ်။

Source : Healthline

Photo Credit : Google

Leave a Reply

Your email address will not be published. Required fields are marked *