ကမ္ဘာကြီးဟာ အချိန်(၁၂)နှစ်သာ ကျန်တော့ကြောင်း ကမ္ဘာအနှံ့သိစေဖို့ဆန္ဒပြတဲ့သိပ္ပံပညာရှင်များ ဖမ်းဆီးခံရ

ကမ္ဘာကြီးဟာ အချိန်(၁၂)နှစ်သာ ကျန်တော့ကြောင်း ကမ္ဘာအနှံ့သိစေဖို့ဆန္ဒပြတဲ့သိပ္ပံပညာရှင်များ ဖမ်းဆီးခံရ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ယခုတလော နိုင်ငံတကာမှာ အရမ်းကို hot ဖြစ်နေတဲ့ သတင်းတစ်ပုဒ် ရှိနေပြီး အဲ့တာကတော့ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေ ဆန္ဒပြတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ဆန္ဒပြမှု​ဟာ ကမ္ဘာကြီးဟာ အချိန်အနည်းငယ်သာ ကျန်တော့ကြောင်း ကမ္ဘာတစ်ဝှမ်းကို အသိပေးလိုတာကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

 

 

ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံပေါင်း (၂၅) နိုင်ငံက သိပ္ပံပညာရှင်ပေါင်း (၁,၀၀၀) ကျော်ဟာ ဒီပြဿနာနဲ့ပတ်သတ်ပြီး ကမ္ဘ‌သက်ရှိတွေကောင်းကောင်းရှင်သန်နိုင်ဖို့ာကြီးကို လူတွေ သတိထားမိနိုင်စေဖို့ အပူတပြင်း ဆန္ဒပြခြင်းတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ သူတို့ဟာ ” ကမ္ဘာကြီးဟာ နောက် (၁၂) နှစ်အထိသာ ရှိပေးနိုင်တော့မှာဖြစ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ လူသားတွေမှာ အချိန် (၅) နှစ်ပဲ ရှိပါတော့ကြောင်း ” ဆန္ဒပြခဲ့တာဖြစ်ပြီး ဒီဆန္ဒပြမှုနဲ့ပတ်သတ်၍ သိပ္ပံပညာရှင်အချို့ဟာ လက်ရှိမှာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံထားကြရပါတယ်။

NASA က ရာသီဥတုပိုင်းဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Peter Kalmus က “ကျွန်တော်တို့ ခင်ဗျားတို့ကို ဆယ်စုနှစ်တစ်ခုမက သတိပေးခဲ့ပြီးပြီ၊ ကမ္ဘာပေါ်ကသိပ္ပံပညာရှင်တွေက လျစ်လျူရှုနေကြတုန်းပဲ၊ အခု ကမ္ဘာကြီးကို ထိခိုက်နေစေတဲ့အရာတွေကို ရပ်တန့်မှရတော့မယ် .. မဟုတ်ရင် အရာအားလုံးကို ဆုံးရှုံးကြရတော့မယ်” ဆိုပြီး ပြောခဲ့ပြီးနောက် သူပါ လက်ရှိမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

 

 

ပလပ်စတစ်သုံးစွဲမှုများပြားခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ လျှစ်စစ်အလွန်အကျွံသုံးစွဲခြင်းတွေသာ လက်ရှိအတိုင်း ဆက်ပြီးသွားမယ်ဆိုရင် (၂၀၂၅) ခုနှစ်မှာ ရာသီဥတုအခြေအနေတွေ ထိန်းမနိုင်သိမ်းမရတွေဖြစ်သွားနိုင်တဲ့အတွက် သိပ္ပံပညာရှင်အချို့ကတော့ သစ်ပင်များခုတ်လှဲခြင်း၊ တောပြုန်းတီးအောင်လုပ်ဆောင်ခြင်းတို့ကို တတ်နိုင်သလောက်ရှောင်ကျဉ်ဖို့၊ လျှပ်စစ်အားအတွက် လောင်စာဆီတွေ၊ ရုပ်ကြွင်းလောင်စာတွေကို မှီခိုနေမယ့်အစား အမြဲရှိနေနိုင်မယ့် စွမ်းအင်တွေဖြစ်တဲ့ ရေအား၊ လေအား၊ ဆိုလာစနစ် စတာတွေနဲ့ လျှပ်စစ်လောင်စာအတွက် ပြောင်းလဲအသုံးချဖို့ ပလပ်စတစ်အသုံးချမှုလျှော့ချဖို့တွေ အကြံပြုတိုက်တွန်းနေကြတာဖြစ်ပါတယ်။

 

 

Photo Credit From Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *