လှဲအိပ်ရင်း ဖုန်းအကြည့်များရင် ဘာတွေဖြစ်တတ်သလဲ?…
ညညဆို ဖုန်းကိုဇိမ်လေးနဲ့ လှဲကြည့်ရတာ ကြိုက်တဲ့သူလား? ဒါဆိုရင်တော့အခုကစပြီး ဒီလိုမကြည့်ကြဖို့အတွက် ပြောပြရစေ… အခုခေတ်မှာ လူကြီးလူငယ်မရွေး လူအများစုက ဖုန်းကို ညဖက်မှာ ပိုပြီးအသုံးများကြပါတယ်။
သုံးတဲ့အချိန်မှာလည်း အထူးသဖြင့် အိပ်ယာပေါ်မှာ ဇိမ်လေးနဲ့ ပက်လက်လှန် လှဲလျောင်းရင်းသုံးတာမျိုး ပိုပြီးလုပ်တတ်ကြပါတယ်။ ဆိုတော့ ဒီလို အသုံးများရင် ဘာတွေ ဆိုးရွားစေနိုင်သလဲ ? ဒီလိုသုံးခြင်းရဲ့နောက်ဆက်တွဲမှာရော ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာကိုတော့ ဒီနေ့မှာ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်…
(၁) မျက်လုံးသူငယ်အိမ်ကိုစောင်းစေတယ်
ပက်လက်လှန်ပြီး ဖုန်းကိုကြည့်တာဟာ မျက်လုံးရဲ့သူငယ်အိမ်ကိုစောင်းသွားစေနိုင်တယ်လို့ ကျွမ်းကျင်မျက်စိဆရာ၀န်ကြီး တွေကဆိုကြပါတယ်။
အထူးသဖြင့် အချိန်အကြာကြီး ဖုန်းကို ပက်လက်လှန်ပြီးကြည့်တဲ့သူတွေ၊ မျက်လုံးပါ၀◌ါ များတဲ့မျက်မှန်သမားတွေ၊ စလင်ဒါများတဲ့သူတွေမှာ ပိုဖြစ်ကြတယ်လို့လည်း ပြောထားပါသေးတယ်။
(၂) အကြောအချဉ်တွေညောင်းညာစေတယ်
တကယ်တော့ပက်လက်လှန်အိပ်ပြီးကြည့်တာက ဇိမ်ကျတယ်လို့ထင်ရပေမယ့်ကြာလာတဲ့အခါ အကြောအချဉ် တွေ ပိုပြီးညောင်းညာစေပါတယ်။ အထူးသဖြင့် လက်မောင်း၊ဇက်ကြော နဲ့ဂုတ်ကျောတွေကို ညောင်းညာစေတဲ့အပြင် ကြာတဲ့အခါ အကြောစိုင်းလာတာမျိုးတွေအထိပါဖြစ်လာစေနိုင်ပါတယ်။
(၃) မျက်နှာ အသားရည်ကို ထိခိုက်ပျက်စီးစေနိုင်တယ်
ပက်လက်လှန်လှဲပြီးဖုန်းကို ကြည့်တဲ့အခါ မျက်နှာနဲ့အလင်းရောင်က ပုံမှန်ထက်ကို ပိုတဲ့ နီးကပ်တဲ့ ထိတွေ့မှုကို ခံစားရမိမှာပါ။ အချိန်ခဏလေးက ပြဿနာမဟုတ်ပေမယ့်ကြာလာတဲ့အခါ မျက်နှာ အသားအရည်နဲ့ မျက်နှာပေါ်က ဆဲလ်အနုလေးတွေကို ထိခိုက်ပျက်စီးစေတာကြောင့် ပက်လက်လှန်ပြီးသုံးတာမျိုးကိုတော့ လုံး၀ရှောင်စေချင်ပါတယ်နော်…
ကဲ… အခုဆိုရင် လှဲအိပ်ရင်း ဖုန်းကြည့်တဲ့ အကျင့်ရဲ့ ဆိုးကျိုးတွေကို သိပြီဆိုတော့ နောက်ဆိုရင် ဖုန်းကိုကြည့်တဲ့အခါ ပက်လက်လှန် လှဲလျောင်းပြီး အကြာကြီးကြည့်တာမျိုးကို …
Source from Discover Magazine