အင်းတော်ကြီးကန်တွင် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ၊ အင်းတော်ကြီးကန် ၊ ဟဲပုဆိပ်ကမ်းသာ တွင် ရေလာကစားသည့်အမျိူးသားတစ်ဦး ယမန်နေ့ ဧပြီလ ၁၅ ရက်အချိန်က ရေနစ်ပျောက်ဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ရေနစ်ပျောက်ဆုံးခဲ့သည့်အမျိုးသားမှာ အသက် ၂၁ နှစ်သာရှိသေးပြီး အင်တော်ကြီးကန်အတွင်း လူ၄ ယောက်စီးလို့ရသည့် ဘုတ်ပြားစီးရင်း ရေထဲ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
ရေထဲပြုတ်ကျကျခြင်း အော်ဟစ်အကူအညီတောင်းပေမယ့် လူအရမ်းများတာကြောင့် မကြာကြားကြဘူးလို့ သိရပါတယ်။ ဒါကြောင့် ကမ်းခြေထိ လာကာ ထပ်မံအကူအညီတောင်းမှ နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေပေးကြတယ်လို့သိရပါတယ်။
တစ်ညနေလုံး တစ်ညလုံး ကြိုးစား ရှာဖွေပေမယ့် ရေနစ်ပျောက်ဆုံးသူရဲ့ အလောင်းကို လုံးဝရှာမတွေ့ဘဲ ဧပြီလ၁၆ ရက်၊ မနက် ၇ နာရီ အချိန်မှ အလောင်း ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုအင်းတော်ကြီးကန်မှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်က လွန် ခဲ့တဲ့ ၁ နှစ်ကလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။