လူ့ချဥ်ဖတ်တွေ လုပ်လေ့ရှိတဲ့ အပြုအမူများ

လူ့ချဥ်ဖတ်တွေ လုပ်လေ့ရှိတဲ့ အပြုအမူများ

 

 

 

 

 

 

 

 

 

 

 

 

နေ့စဥ်ပုံမှန်သွားလာလှုပ်ရှားရတဲ့အခါ လူတွေကြားထဲ သွားလာလှုပ်ရှားရင်းနဲ့ လူပေါင်းစုံနဲ့ဆက်ဆံရလေ့ရှိတတ်ပါတယ်။ အဲ့လို ကြုံတွေ့လာရတဲ့အခါ မိမိဘက်မှ အခြားသူတစ်ယောက် မနှစ်မြို့တဲ့ အပြုအမူမျိုးတွေ မပြုလုပ်မိအောင် တစ်နည်းအဖြင့်ဆိုရရင် လူ့ချဥ်ဖတ်မဖြစ်အောင် ဒီအပြုအမူတွေကို အထူးသတိထား ရှောင်ကျဥ်သင့်ပါတယ်။

(၁) ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေပါ။

 

သင်ဟာ လူပေါင်းစုံနဲ့ပြောဆိုဆက်ဆံရမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာမနေထိုင်နိုင်ပဲ အရမ်းကိုကြီးကြီးကျယ်ကျယ်တွေလုပ်နေပြီဆိုရင်တော့ သင့်ကို လူတွေက သေချာပေါက် အမြင်ကပ်နေမှာပါ။ အတတ်နိုင်ဆုံးတော့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေထိုင်ကြည့်ဖို့အကြံပေးပါရစေ။

(၂) သူများမကောင်းကြောင်း မပြောမိအောင် ရှောင်ကျဥ်ပါ။

 

 

သူများမကောင်းကြောင်းပြောတတ်ခြင်းဟာ အင်မတန်ရုပ်ဆိုးအကျည်းတန်တဲ့ အမူအကျင့်တစ်ခုပါ။ ဒါကြောင့် ဘယ်လိုနေရာမျိုးမှာဖြစ်စေ သူများမကောင်းကြောင်း အပုပ်ချခြင်း သို့မဟုတ် အတင်းတုပ်ခြင်းတို့ကို ရှောင်ကျဥ်ပါ။

(၃) ဆရာကြီး မလုပ်မိပါစေနဲ့။

 

 

သူတစ်ပါးက ကိုယ့်ကိုရင်ဖွင့်လာသည်ဖြစ်ပါစေဦး။ကိုယ်က နားထောင်ပေးရုံကလွဲ ဘာမှမလုပ်ပါနဲ့။ တစ်ဖက်သူက တကယ်အကြံဉာဏ်တောင်းလာပြီဆိုမှသာ အကြံဉာဏ်ပေးရုံပေးပါ။ ဆရာကြီးလုပ်ခြင်းအားဖြင့် သင့်ကို လူတွေကရှောင်ဖယ်လာပါလိမ့်မယ်။

(၄) အတင်းအကျပ်ငြင်းခုံခြင်းများကို ရှောင်ကျဥ်ပါ။

 

 

အငြင်းသန်တဲ့လူကို လူတိုင်းက မုန်းတီးကြပါတယ်။အစပိုင်းမှာ သည်းခံကောင်းသည်းခံနိုင်ပေမယ့်အချိန်ကြာလာတာနဲ့အမျှ သင့်ကို ရှောင်ဖယ်လာနိုင်တာမို့ သင့်အနေနဲ့ အငြင်းသန်တတ်တယ်ဆိုရင်တော့ အဲ့အကျင့်ကို ရှောင်ကျဥ်ဖို့ အကြံပေးပါရစေနော်။

(၅) တတ်နိုင်သလောက် အကြွားအဝါ လျှော့ပါ။

 

 

အကြွားသန်တဲ့ လူတွေဟာ လူတိုင်းရဲ့ ဟားစရာဖြစ်တတ်ပါတယ်။ တကယ်လို့ သင်ဟာ အကြွားအဝါသန်တဲ့လူဆိုရင်တော့ လူတိုင်းရဲ့ ချဥ်ဖတ်လေးဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကြွားစိန်မဖြစ်အောင်နေပါလို့ ပြောပါရစေနော်။

ဒီတော့ သင်ရော လူ့ချဥ်ဖတ်စာရင်းထဲပါဝင်နေပြီလား? ပါနေပြီဆိုရင်တော့အမြန်ဆုံးပြင်ဖို့အကြံပေးပါရစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *