ရေနံတင်သင်္ဘောတစ်စီးပေါက်ကွဲခဲ့မှုကြောင့် မြန်မာသင်္ဘောအရာရှိတစ်ဦးသေဆုံး

ရေနံတင်သင်္ဘောတစ်စီးပေါက်ကွဲခဲ့မှုကြောင့် မြန်မာသင်္ဘောအရာရှိတစ်ဦးသေဆုံး

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာ နဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေပါတဲ့ ရေနံတင် သင်္ဘော တစ်စီးဟာ ဟောင်ကောင်ကနေ ကီလိုမီတာ (၃၀၀) ဝေးတဲ့ ပင်လယ်ပြင်မှာ ပေါက်ကွဲခဲ့တယ် လို့ သတင်းရရှိထားပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ ဧပြီ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် တစ်ယောက်သေပြီး (၇) ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့

နိုင်ငံတကာ သတင်းဖော်ပြချက်တွေရ သိရပါတယ်။

 

 

ယင်း ပေါက်ကွဲမှုကြောင့် မြန်မာ သင်္ဘောသား အင်ဂျင်နီယာ အရာရှိချုပ် CE Win Naing Soe ဆိုသူဟာ သင်္ဘော ပေါက်ကွဲမှုအတွင်းမှာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ လို့ သိရှိရပြီး ကနဦးသတင်းတွေအရ သင်္ဘောစက်ခန်းထဲမှ Generator ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာကနေစတင်တယ်လို့လည်း သိရှိရပါတယ် ။

 

 

အခြား ထိခိုက်ဒဏ်ရာရသူ (၇) ဦးအနက်အင်ဒိုနီးရှား သင်္ဘောသား (၃) ဦးက အခြေအနေစိုးရိမ်ရပြီး တစါယောက်က ခန္ဓာကိုယ်တခုလုံး Second Degree Burn အဆင့်အထိ မီးသင့်သွားခဲ့ပါတယ် ။ နောက် (၂) ဦးကလည်း မျက်နှာတွေမှာ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *