ပုဂံရှေးဟောင်း ဘုရားနှစ်ဆူကနေ တန်ဖိုးကြီး ကျောက်ဆစ်လက်ရာများ အခိုးခံရ
မြန်မာလူမျိုးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသရှိ ဘုရားနှစ်ဆူကနေ ရှေးဟောင်း ကျောက်ဆစ်လက်ရာများ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းက အခိုးခံရကြောင်း ဒေသသတင်းအရင်းမြစ်များရဲ့ ဖော်ပြချက်အရသိရပါတယ်။ အဆိုပါ ဘုရားနှစ်ဆူဟာ ဘုရားအမှတ် ၄၁၈ က ဦးခေါင်းသုံးလုံးဗြမ္မာရုပ်နဲ့ ၇၁၆ ရှိ ကျောက်ဆစ်လက်ရာတွေ အားလုံးကို ဖြုတ်ယူပြီး ခိုးသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အခိုးခံလိုက်ရတဲ့ ဘုရားနှစ်ဆူဟာ တစ်စုံတစ်ရာ အကာအကွယ်များ မလုပ်ထားတာကြောင့် အလွယ်တကူ အခိုးခံရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုလို ရှေးဟောင်းပစ္စည်းများ အခိုးရမှုကိုလည်း ရှေးဟောင်းသုတေသနဌာနက အပြည့်အ၀တာဝန်ရှိတာကြောင်း ပြည်သူတွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။
ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေဟာ ပုဂံမှာ အများအပြားရှိနေပြီး ခရီးသွားပြည်သူများ အရောက်အပေါက်နည်းတဲ့ နေရာတွေကို အခွင့်ကောင်းယူကာ ရှေးဟောင်း ဘုရားရုပ်တုတွေကို ခိုးယူနေကြတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးများရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း၀င်ခဲ့တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ယခုလို ရှေးဟောင်းရုပ်တုတော်များ အခိုးခံရတာဟာ မြန်မာလူမျိုးများအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
သတင်း အရင်းအမြစ်៖ Soucre – BAP / Original Upload