ငွေကြေးမတတ်နိုင်တဲ့ မုံရွာက ရင်ချင်းဆက် အမြွှာလေးကို ခွဲစိတ်ကုသနိုင်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ
ကလေးတို့မေမေလို့ လူသိများတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ ဘဝခရီးကိုတန်ဖိုးရှိရှိလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ခိုကိုးရာမဲ့နေတဲ့ လူမမယ် ကလေးသူငယ်တွေကို ခေါ်ယူပြီး မခင်သဖွယ် ပြုစု စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့လပိုင်းတွေကတော့ ကလေးတို့မေမေက သူ့ရဲ့သားသမီးတွေအတွက် နွေးထွေးတဲ့ဂေဟာ အဆောက်အဦးသစ်ကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက်လည်း (၇)ရက်သားသမီးများရဲ့ စုပေါင်းကုသိုလ်များဖြင့် တစ်ထောင့်တစ်နေရာကနေတတ်နိုင်လောက် ကူညီလှူဒါန်းမှုတွေလည်း မကြာခဏ ပြုလုပ်ပေးတာတွေ့ရပါတယ်။ယခုလို ကိုယ့်အကျိုးထက် ပရဟိတတဲ့ လုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေတာက ချစ်တဲ့ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကပါ လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။
ယခုမှာလည်း မုံရွာဘက်မှ အကူအညီတောင်းခံလာမှုကို လက်ခံခဲ့တာလေးကို ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ (၃) ရက်သားသာရှိသေးတဲ့ ယောကျာ်းလေး ရင်ချင်းဆက် အမြွှာလေးအတွက် ခွဲစိတ်ကုသပေးဖို့ အကူညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ “မိဘများမှာ နွမ်းပါးပြီး မတတ်နိုင်တဲ့ အတွက် အကူအညီတောင်းခံမှုကို လက်ခံခဲ့ပါတယ်..သားလေးတွေ ကံကောင်းဖို့ မေတ္တာပို့ ဆုတောင်းပေးကြပါဦးရှင်” ဆိုပြီး ရေးသားခဲ့ပါတယ်။ ရင်ချင်ဆက်အမြွှာလေးတွေ အမြန်ဆုံးခွဲစိတ်နိုင်အောင် ပရိသတ်တွေကလည်း ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါဦးနော်…။
Photo Credit – Khine Hnin Wai
Photo Credit – Khine Hnin Wai
သတင်း အရင်းအမြစ်៖ Source – Khine Hnin Wai