Beauty Saloon တစ်ခုမှာ ဆံပင်သွားဖြောင့်ပြီး ရက်အနည်းငယ်မှာ ခေါင်းတုံးဖြစ်သွားခဲ့ရတဲ့ အမျိုးသမီးတစ်ဦး

Beauty Saloon တစ်ခုမှာ ဆံပင်သွားဖြောင့်ပြီး ရက်အနည်းငယ်မှာ ခေါင်းတုံးဖြစ်သွားခဲ့ရတဲ့ အမျိုးသမီးတစ်ဦး

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာနိုင်ငံက အမျိုးသမီးများလည်း သတိပြုထားစေဖို့ ထိုင်းနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မကြာခဏ Beauty Saloon တွေမှာ သွားရောက်ပြီး မိမိရဲ့ ဆံပင်ကို ပုံစံအမျိုးမျိုး ပြောင်းလဲနေတဲ့ သူတွေအတွက် သတိထားရမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်လေးကတော့ ထိုင်းအမျိုးသမီးတစ်ဦးဟာ Beauty Saloon တစ်ခုကို သွားရောက်ပြီး ဆံပင်ဖြောင့်ပြုပြင်ခဲ့ပါတယ်။

 

 

ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာ သူမရဲ့ ဆံပင်တွေဟာ အဆုပ်လိုက် အပြုံလိုက် ကျွတ်ထွက်လာခဲ့ပြီး နောက်ဆုံးမှာ ခေါင်းတုံးတုံးထားသလိုဖြစ်သွားခဲ့ရပါတယ်။ သူမရဲ့ ပြောဆိုချက်အရ ဆံပင်ဆိုင်မှာ ဖြောင့်ဆေးတွေနဲ့ သုံးနာရီကြာတဲ့အထိ သူမကိုထားထားတယ်လို့ ဆိုပါတယ်။ ဆံပင်တွေကျွတ်ထွက်လာတာကို သူမပြုလုပ်ခဲ့တဲ့ ဆိုင်ကိုသွားပြောခဲ့ပေမယ့် ဆိုင်ရှင်က Customer တွေလည်း ယခုလိုပဲပြုလုပ်ပေးတာ ဘာမှမဖြစ်တဲ့အတွက် သူတို့နဲ့မဆိုင်ဘူးလို့ ညင်းခဲ့ပါတယ်။

 

 

အဆိုပါ ဖြစ်ရပ်လေးကို ထိုင်းမီဒီယာတချို့က အခြားအမျိုးသမီးများလည်း သတိပြုနိုင်အောင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကတော့ ထိုင်းအမျိုးသမီးတွေကြားမှာ တကယ့်ကိုမေးခွန်ထုတ်စရာတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုအမှားမျိုးတွေရှိခဲ့လဲဆိုတာ မသိရပေမယ့် မိန်းကလေးတွေ ဆံပင်လုပ်တဲ့အခါ စိတ်ချသေချာရတဲ့ ဆိုင်ကိုရွေးချယ်ကြဖို့ အကြံပြုရလိုက်ပါတယ်။

 

 

Photo Credit – Original Upload
Photo Credit – Original Upload
သတင်း အရင်းအမြစ်៖ Source – ChanNyeinSoe -ideainbangkok

Leave a Reply

Your email address will not be published. Required fields are marked *